
ရေတံခွန်မူဝါဒများ
Return policies
အရောင်းကိုယ်စားလှယ်ဆိုင်များသည် မိမိတို့ထံသို့ရောက်ရှိလာသော ကုန်ပစ္စည်းများကို ကုန်အမှာနှင့် တိုက်ဆိုင် စစ်ဆေး၍ အရေအတွက်ကွာခြားမှုများ နှင့် ပေါက်ပြဲပျက်စီးခြင်းများဖြစ်ပေါ်နေပါက (၇) ရက်အတွင်း သက်ဆိုင်ရာ Account Manager ထံသို့ဆက်သွယ်၍ အကြောင်းကြား ပေးရမည်ဖြစ်ပါသည်။
Yetagon Membership System
ရေတံခွန်အဖွဲ့အစည်းသည် အရောင်းကိုယ်စားလှယ်ဆိုင်များအား အသိအမှတ်ပြုသည့်အနေဖြင့် ရေတံခွန်အဖွဲ့၀င် အစီအစဉ်အသစ်အား အသိပေးမိတ်ဆက်ပေးခြင်းဖြစ်ပါသည်။ ရေတံခွန်အဖွဲ့၀င်စနစ်သည် အရောင်းကိုယ်စားလှယ်ဆိုင်များ၏ ၀ယ်လိုအားပေါ် မူတည်၍ ပြန်လည်ရရှိမည့် အထူးအကျိုးခံစားခွင့်များ ဖြစ်ပါသည်။ အဖွဲ့၀င်စနစ်သစ်နှင့် ပတ်သက်၍ ရရှိမည့်အကျိုးခံစားခွင့်များနှင့် သတ်မှတ်ချက်များကို အောက်တွင် အသေးစိတ် ဖော်ပြထားပါသည်။
No. |
Store Membership |
Membership Criteria |
---|---|---|
1. | General Dealer | ငွေကျပ် သိန်း(၁၀၀)အောက် ဝယ်ယူထားရှိသော ဆိုင်များအားလုံး အကျုံးဝင်ပါသည်။ |
2. | Authorized Dealer | ငွေကျပ် သိန်း ၁၀၀ နှင့် သိန်း ၂၅၀ အတွင်း ဝယ်ယူ ထားရှိသော ဆိုင်များအားလုံးအကျုံးဝင်ပါသည်။ |
3. | Yetagon Partner | ငွေကျပ် သိန်း ၂၅၀နှင့် အထက် ဝယ်ယူထားသော ဆိုင်များအားလုံး အကျုံးဝင်ပါသည်။ |
Membership Benefits (အဖွဲ့ဝင် ခံစားခွင့်များ)
- General Dealer - အော်ဒါတစ်စောင်တွင် အနည်းဆုံး(၅)သိန်းဖိုး ၀ယ်ယူရမည်ဖြစ်ပြီး၊ အများဆုံး သိန်း(၅၀)အထိ ၀ယ်ယူနိုင်သည်။
- Authorized Dealer - အော်ဒါတစ်စောင်တွင် အနည်းဆုံး(၅)သိန်းဖိုး ၀ယ်ယူရမည်ဖြစ်ပြီး၊ အများဆုံး သိန်း(၈၀)အထိ ၀ယ်ယူနိုင်သည်။
- Yetagon Partner - အော်ဒါတစ်စောင်တွင် အနည်းဆုံး(၅)သိန်းဖိုး ၀ယ်ယူရမည်ဖြစ်ပြီး၊ အများဆုံး သိန်း(၁၀၀)အထိ ၀ယ်ယူနိုင်သည်။
Notes (မှတ်ချက်)
- မည်သည့်အဖွဲ့၀င်မဆို ကြိုတင်ငွေပေးချေသော အရောင်းဆိုင်များအတွက် အရောင်းပမာဏ ကန့်သတ်ထားခြင်း မရှိပါ။
- အဖွဲ့၀င်အဆင့် သတ်မှတ်ချက်များအား အရောင်းဆိုင်များ၏ ၀ယ်လိုအားပေါ် မူတည်၍ လစဉ် ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်သောကြောင့် သတ်မှတ်ဆိုင် အရေအတွက် ထက်ကျော်လွန်ပါက သက်ဆိုင်ရာမြို့နယ်၏ အရောင်းဝယ်လိုအားပေါ် မူတည်၍ ချွင်းချက်အဖြစ် အကဲဖြတ်ကော်မတီမှ ပြန်လည် စီစစ်အကဲဖြတ်ပြီး သက်ဆိုင်ရာ criteria အလိုက် Level ပြန်လည် သတ်မှတ်ပေးမည် ဖြစ်သည်။
- Yetagon Partner နှင့် Authorized Dealer များသည် ဆိုင်၏တည်နေရာ အနေအထားနှင့် ဆိုင်၏အခင်းအကျင်းတို့သည် သတ်မှတ်ဆိုင်ပုံစံနှင့်ကိုက်ညီရမည်။ အကယ်၍ ကိုက်ညီမှုမရှိပါက အဆင့်သတ်မှတ်ချက်ကို အကဲဖြတ်ကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်းသာ ထားရှိရမည်။