ရေတံခွန်အကြောင်း

ရေတံခွန် ခေတ်မီစိုက်ပျိုး၊ ဝင်ငွေတိုး

ကျွန်ုပ်တို့ ရေတံခွန်ဟာ မြန်မာနိုင်ငံရှိ လုပ်ကွက်ငယ်တောင်သူများ၏ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ရေရှည်ပိုမို တည်တံ့စေရန် ၊ ၎င်းတို့၏ စိုက်ပျိုး မြေဆီလွှာကို ယခင်ကထက် ပိုမိုဂရုစိုက်ဖို့လိုအပ်ကြောင်း သတိထား မိလာစေရန်၊ ဝင်ငွေနှင့် သီးနှံထွက်နှုန်း တိုးပွားလာစေရန်အတွက် ကူညီပေးလျက်ရှိနေပါတယ်။ 

 

စိုက်ပျိုးရာသီတစ်လျောက်လုံးတွင် ရာသီဥတုနှင့် ကိုက်ညီမှုရှိပြီး၊ ထိရောက်၍ ကုန်ကျစရိတ်သက်သာသော ‘’သီးနှံစိုက်ပျိုးရန် မြေပြင်ခြင်း၊ စိုက်ပျိုးမြေဆီလွှာကျန်းမာရေး၊ သီးနှံအာဟာရ၊ စိုက်ပျိုးရေသွင်းနည်းပညာ၊ ပိုးမွှားနှင့်ရောဂါကာကွယ်ရေး ၀န်ဆောင်မှု’’ စသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို တောင်သူများ အတွက် ပေးအပ်လျက်ရှိပါတယ်။

 

ကျွန်ုပ်တို့ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများသည် ရာသီဥတုအပြောင်းအလဲစိန်ခေါ်မှုများကို ရင်ဆိုင်နေရသော လုပ်ကွက်ငယ်တောင်သူများ ၎င်းတို့၏ စားဝတ်နေရေးအတွက် အဓိကကျသည့် လယ်ယာလုပ်ငန်းကို မြန်ဆန် ပြောင်းလဲနေသော ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ဖြစ်၊ ပိုမို တွင်ကျယ်စွာလုပ်ကိုင်နိုင်ဖို့ ကူညီပေးနိုင်မည်မှာ အသေအချာပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ ပင်မရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးလုပ်ကိုင်လျက် ရှိသော မိသားစုများ ၎င်းတို့၏ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ပြီး အဓွန့်ရှည်တည်တံ့ရန် ၊ ကျန်းမာဘေးကင်းပြီး စားဝတ်နေရေးဖူလုံစေရန်၊ မျိုးဆက်သစ်များ အတွက် တောက်ပပြီး စိမ်းလန်းသောအနာဂတ်ဘ၀များကို ဖန်တီးပေးနိုင်စေရန် မျှော်လင့်ပါတယ်။


ရန်ကုန်တွင် ရေတံခွန်ရုံးချုပ်တည်ရှိပြီး၊ မြန်မာနိုင်ငံ အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်း အပူပိုင်းဇုန်များ နှင့် ရှမ်းတောင်တန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးအနောက်ဘက်ခြမ်း၊ စစ်တောင်းမြစ်ဝှမ်းဒေသများရှိ ပွင့်ဖြူ၊ ပျော်ဘွယ်၊ တောင်တွင်းကြီး၊ ကျောက်ဆည်၊ ပခုက္ကူ၊ မလှိုင်၊ ဟဲဟိုး၊ ပေါင်းတည်၊ သာယာ၀တီ၊ အောင်လံ၊ ဓနုဖြူ၊ ကျိုက်လတ်၊ အိမ်မဲ အစရှိသည့် မြို့များ တွင် ရေတံခွန်ရုံးခွဲများ တည်ရှိပါတယ်။ ဒါ့အပြင် ရေတံခွန်ထုတ်ကုန်ပစ္စည်းများကို နိုင်ငံတစ်ဝှမ်းရှိ စိုက်ပျိုးရေးဆိုင်ပေါင်း ၁၅၀ကျော် တွင်ရရှိနိုင်ပြီး၊ ကျွန်ုပ်တို့၏ အခမဲ့ဖြန့်ဝေပေးနေသည့် စိုက်ပျိုးနည်းပညာအကြံဉာဏ်များနှင့် သီးနှံကာကွယ်ရေး ဝန်ဆောင်မှု များအကြောင်းကို Yetagon ၏ Facebook messenger မှတစ်ဆင့်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


ကျွန်ုပ်တို့ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအကြောင်းများကို အောက်ဖော်ပြပါနေရာများတွင် ပိုမိုလေ့လာနိုင်ပါတယ်။

ရေတံခွန်ဖုန်းနံပါတ် - ၀၉ ၉၄၀၀၀၁၀၀၀

ဖေ့စ်ဘွတ်ခ်စာမျက်နှာ - facebook.com/Yetagon

ဗိုင်ဘာ - ရေတံခွန်