
Yetagon Store App ဖြင့် အွန်လိုင်းပေါ်တွင် စျေးဝယ်ခြင်းအတွေ့အကြုံအသစ်ကို သဘောကျနှစ်ခြိုက်မည်ဟုမျှော်လင့်ပါတယ်။
သင့်အနေနဲ့ တခြားသိလိုသောမေးခွန်းများရှိပါကလည်း အောက်ပါမေးခွန်းများထဲမှ မိမိဖတ်ရှုလိုသည့်မေးခွန်းကို နှိပ်၍ အဖြေကိုဖတ်ရှုနိုင်ပါသည်။
Collapsible content
၁. Yetagon Store အက်ပ်ပ်လီကေးရှင်း၏ ရည်ရွယ်ချက်ကဘာပါလဲ။
- Yetagon Store အက်ပ်ပလီကေးရှင်းအသုံးပြုခြင်းဖြင့် ရေတံခွန်ထုတ်ကုန်များကို မိုဘိုင်းလ်ပေါ်တွင် မိမိစိတ်ကြိုက်ရွေးချယ်ပြီး ဝယ်ယူနိုင်ခြင်း၊ မိမိမှာယူထားသည့် ပစ္စည်းရောက်မရောက်ကို သိရှိနိုင်ခြင်း၊ ပစ္စည်းလက်ကျန်ရှိ၊မရှိကို အချိန်နှင့် တပြေးညီ စစ်ဆေးနိုင်ခြင်း၊ ထုတ်ကုန်အချက်အလက်များ နှင့် ၎င်းတို့၏ စျေးနှုန်းများကို ရှာဖွေနိုင်ခြင်း စသည်တို့ကိုပြုလုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။
- Yetagon Store ကို အသုံးပြုဖို့ သင့်အနေနှင့်အကောင့်ရှိထားရမှာဖြစ်ပြီး၊ အကောင့်မရှိသေးပါက အကောင့်ဖွင့်၍ ရေတံခွန်ထုတ်ကုန် ပစ္စည်းများကို စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Yetagon Store App တွင် သင် အော်ဒါမှာယူထားသော ပစ္စည်းများ၏သမိုင်းကြောင်းများကို စစ်ဆေးနိုင် သည့်အပြင်၊ အော်ဒါအခြေအနေကိုပါ စစ်ဆေးလို့ ရပါတယ်။ အခက်အခဲတစ်စုံတစ်ရာရှိပါက အရောင်းတာဝန်ခံမန်နေဂျာကို ဆက်သွယ်နိုင်ပါတယ်။ ထုတ်ကုန်အကြောင်းအရာများနှင့် အသုံးပြုသူမူဝါဒ အကြောင်း အသေးစိတ်ကိုလည်း ဖတ်ရူနိုင်ပါတယ်။
- အသုံးပြုပုံ အသေးစိတ်ကိုတော့ သုံးစွဲမှုလမ်းညွန် လက်ကမ်းစာစောင်တွင် ထပ်မံလေ့လာ နိုင်ပါတယ်။
၂. အော်ဒါမှာယူရန် အကောင့်ဖွင့်ဖို့လိုအပ်ပါသလား။
- လိုအပ်ပါတယ်။ အကောင့်ဖွင့်ရန်နှင့် အက်ပ်လ်ီကေးရှင်းကို ဖုန်းတွင် ထည့်သွင်းဖို့ အကူအညီ လိုအပ်ပါက သက်ဆိုင်ရာ အရောင်းတာဝန်ခံမန်နေဂျာထံသို့ ဆက်သွယ်နိုင်ပါတယ်။
၃. အော်ဒါမှာယူဖို့ အကောင့်ဖွင့်ရန် ဘာတွေလုပ်ဖို့လိုအပ်ပါသလဲ။
- ‘အကောင့်ဖွင့်မည်’ ကိုနှိပ်၍ မိမိ၏ နာမည်အပြည့်အစုံကို ဖြည့်ပြီး ကိုယ်ပိုင်အီးမေးလ်နှင့် မိမိပေးလိုသော စကားဝှက်ကို ဖြည့်ပါ။ ‘အကောင့်ဖွင့်မည်’ ကို နှိပ်လျှင် အောင်မြင်သွားပါပြီ။
- ထို့နောက် ‘အကောင့်ဖွင့်ခြင်း’ အောင်မြင်ကြောင်း အီးမေးလ်ဝင်လာပါမည်။
၄. အီးမေးလ် လိပ်စာမပါဘဲ အကောင့်ဖွင့်လို့ရပါသလား။
- မရပါ။ သင့်အနေနဲ့ အကောင့်ဖွင့်ရန် ကိုယ်ပိုင်အီးမေးလ် လိပ်စာတစ်ခု မဖြစ်မနေလိုအပ်ပါတယ်။
၅. Yetagon Store အက်ပ်ပလီကေးရှင်း တွင် အော်ဒါမှာယူလျှင် ငွေပေးချေမှုအတွက် မည်ကဲ့သို့လုပ်ဆောင်ရပါမလဲ။
- KBZ CB YOMA ဘဏ်များ သို့မဟုတ် WavePay ကို အသုံးပြု၍ သက်ဆိုင်ရာ ရေတံခွန်ဘဏ် အကောင့် နံပါတ်များသို့ ငွေလွှဲခြင်းဖြင့် မိမိမှာယူထားသော ပစ္စည်းများ အတွက် ငွေပေးချေလို့ရပါတယ်။
- မိမိရွေးချယ်ထားသည့် ငွေပေးချေမှုပုံစံပေါ်မူတည်၍ ငွေလွှဲပြီးပါက Viber နံပါတ် 09 443732301 သို့မဟုတ် 09 940001000 (extension no.3) ကို ငွေလွှဲပြီးကြောင်း ဆက်သွယ်ပေးဖို့ လိုအပ်ပါတယ်။
၆. Yetagon Store ကနေ အော်ဒါမှာလျှင် ကျွန်ုပ်မှာထားသည့် ပစ္စည်းရမည့်အချိန်အပေါ် မည်ကဲ့သို့ သက်ရောက်မှု ရှိနိုင်ပါသလဲ။
- Yetagon Store ကိုအသုံးပြုပြီး ပစ္စည်းမှာလျှင် အော်ဒါအမှာစာ များ၏အချက်အလက်များ၊ ရေတံခွန်၏ ပို့ဆောင်ရေးဌာနသို့ တိုက်ရိုက်ရောက်ရှိသောကြောင့်၊ သင့်ထံသို့အော်ဒါပို့ဆောင်ရေး အတွက် သတင်းအချက်အလက် စီးဆင်မှုကိုမြန်ဆန်စေပြီး၊ မလိုအပ်သောကြန့်ကြာမှုများ ကို လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။
၇. ကျွန်ုပ်၏ အော်ဒါမှာယူမှု အောင်မြင်မှု ရှိ၊ မရှိကို မည်ကဲ့သို့ သိနိုင်ပါသလဲ။
- အော်ဒါမှာယူမှုအောင်မြင်ကြောင်း အီးမေးလ်ဖြင့် အသိပေးအကြောင်းကြားစာနှင့် အက်ပ်ပလီ ကေးရှင်းမှတဆင့်၊ အကြောင်းကြာစာတို ပေးပို့ပါမည်။ အော်ဒါဖျက်သိမ်းခြင်း (သို့) အော်ဒါနှင့် ပက်သက်ပြီး အပြောင်းအလဲ တစ်စုံတစ်ရာရှိပါကလည်း၊ ရေတံခွန်ဘက်မှ အကြောင်းကြား ပေးမှာဖြစ်ပါတယ်။
၈. ကျွန်ုပ်မှာယူထားသော အော်ဒါအမှာစာကို ပြန်လည်ပြင်ဆင်လိုပါက ဘယ်လိုလုပ်ရမလဲ။
- မှာပြီးသွားသော အော်ဒါအမှာစာ များအတွက် ထပ်မံပြင်ဆင်လို့မရပါ။ အကယ်၍ မှာပြီးသွားသောအော်ဒါအမှာစာကို မဖြစ်မနေပြန်လည်ပြင်ဆင်လိုပါက၊ အမှာစာအသစ်အနေဖြင့် ထပ်မံမှာယူပေးရမှာဖြစ်ပါတယ်။
၉. အော်ဒါအမှာစာ မှာပြီးပါက ကျွန်ုပ်ပေးထားသော နေရပ်လိပ်စာသို့ မည်သည့်အချိန်တွင် ရောက်ရှိမည် ကို ဘယ်လိုစစ်ဆေးနိင်သလဲ။
- အက်ပ်ပလီကေးရှင်းတွင်ပါသော ‘အော်ဒါသမိုင်းကြောင်း’ နေရာတွင် အော်ဒါပို့ဆောင်ပြီး၊ မပြီး အကြောင်းအရာကိုသာ စစ်ဆေးနိုင်မှာဖြစ်ပြီး၊ သင့်နေရပ်လိပ်စာသို့ အော်ဒါ ဘယ်အချိန်ရောက်မည်ကိုတော့ စစ်ဆေး၍ မရနိုင်ပါ။
၁၀. အက်ပ်ပလီကေးရှင်းမှတဆင့် အော်ဒါအမှာစာပြုလုပ်၍မရပါက၊ အော်ဒါမှာယူနိုင်မည့် အခြားနည်းလမ်း ဘာတွေရှိပါသလဲ။
အက်ပ်ပလီကေးရှင်းမှတဆင့် အော်ဒါအမှာစာပြုလုပ်၍မရပါက၊ ရေတံခွန်၏ အရောင်းတာဝန်ခံ မန်နေဂျာများထံသို့ ဆက်သွယ်၍လည်း အော်ဒါအမှာစာများပြုလုပ်နိုင်ပါတယ်။